Retargeting

သင်ဟာ Online ပေါ်မှာ Digital Marketing ကိုအသုံးချနေတဲ့ Ads Run နေတဲ့ Business Owner တစ်ယောက်ဆိုရင် Retargeting အကြောင်းမသိထားလို့မရတော့ပါဘူး..
High Ticket Business တွေအနေနဲ့ဆိုရင်တော့ Retargeting က မရှိမဖြစ်ပါပဲ !
 
Retargeting ဆိုတာဘာလဲ ?
 
Online ပေါ်မှာ Marketing လုပ်နေတဲ့ အချို့သော Business Owner တွေ Marketer တွေဟာ Ads/Content တစ်ခုချင်းစီရဲ့ Design /Quaility ကိုသာ များသောအားဖြင့် အာရုံစိုက်နေတတ်ကြပါတယ်။ ပိုဆိုးတာက တစ်ခါတည်းတန်းရောင်းဖို့ ကြိုးစားကြတယ်။
 
ကိုယ့်ရဲ့ ကြော်ငြာလွှတ်လိုက်တယ်၊ Content တစ်ခု Publish လုပ်လိုက်တယ်.. လူတွေက Like တွေ Comment တွေ Share တွေလုပ်ကြတယ်။ ဟုတ်ပြီ ဒါဆိုရင် ဒီလို Engagement လုပ်တဲ့လူတွေဟာ ကိုယ့် Product နဲ့ Service ကို အနည်းနဲ့အများတော့ Aware ဖြစ်သွားပြီဖြစ်တဲ့သူတွေ Interest ရှိတဲ့လူတွေဖြစ်နေပြီလို့ ပြောလို့ရပါပြီ။
 
ဒီလို ကိုယ့် Ads/Content တွေနဲ့ ပတ်သက်ပြီး Engagement ရှိပြီးသားလူတွေကိုပဲ ထပ်ပြီး Target ထားပြီး Ads/ Content တွေ Feed လုပ်တာကို Retargeting လို့ခေါ်ပါတယ်။ ကိုယ့် Product ကိုသိပြီးသားသူကို Sales လုပ်ရတာက မသိသေးတဲ့သူကို Sales လုပ်ရတာထက် အများကြီးလွယ်ကူပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Potential Customer တွေရဲ့ Behavior ပေါ်မူတည်ပြီးတော့လဲ Content တွေကို ပိုပြီး သူတို့ နဲ့ Relevent ဖြစ်အောင် Personalize လုပ်လို့ရပါသေးတယ်။ကိုယ့် Target Customers တွေနဲ့ ပိုသင့်တော်တဲ့ Content တွေပို့နိုင်လေလေ ပိုမိုထိရောက်တဲ့ Marketing Campaign ဖြစ်လာလေလေပါပဲ။ Prospect တွေကို ဘယ်လို Nuturing လုပ်ရသလဲဆိုတာ နောက် Post တစ်ခုမှာ အသေးစိတ် ရှင်းပြပါဦးမယ်။ ဒီနေ့တော့ Retargeting ကိုပဲ Focus လုပ်ရအောင်။
 
ဥပမာ တစ်ခု အနေနဲ့ အောက်ကပုံလေးကို ကြည့်လိုက်ရအောင် …

Potential Customer က ကိုယ့်ရဲ့ Website ကို Mobile Phone နဲ့ကြည့်သွားတယ်။ ပြီးတော့ ကိုယ့် Product တွေကြည့်ပြီး ဝယ်တဲ့ အဆင့်မရောက်ပဲ ပြန်ထွက်သွားတယ်ဆိုပါတော့။ Service Business တွေမှာဆိုလဲ Appointment ကို Confirm မလုပ်ပဲ ပြန်ထွက်သွားတယ် လို့ ဥပမာထားပြီး စဉ်းစားကြည့်လိုက်ရအောင်။ Retargeting သာ Implement လုပ်ထားမယ်ဆိုရင် သူတို့ နောက်တစ်ခါ Mobile နဲ့ PC မှာ Onlineပေါ်တက်လာတာနဲ့ သူတို့ကို သူတို့နဲ့ သက်ဆိုင်တဲ့ Customize လုပ်ထားတဲ့ Ads ကို သူတို့ရဲ့ ပထမဆုံးလုပ်ထားခဲ့တဲ့ Behavior ပေါ်မူတည်ပြီး ပြပေးနိုင်တယ်။
 
ဥပမာ။ ကိုယ့်ရဲ့ Product (A) ကို Facebook ဒါမှမဟုတ် Website မှာ စိတ်ဝင်စားမှုပြထားတဲ့သူကို Product (A) ကိုမြန်မြန်ဝယ်ယူဖို့ လိုအပ်တဲ့ Ads တွေ Information တွေ ထပ်လွှတ်တာမျိုး…
 
ဒါမှမဟုတ် သူအနေနဲ့ Product (A) ကိုစိတ်ဝင်စားတာ သေချာလားဆိုတာ Qualify လုပ်တာမျိုးကို Retargeting နဲ့လုပ်သွားလို့ရပါတယ်။ ဒီအချိန်မှာ မှန်ကန်တဲ့ ကိုယ့်ရဲ့Ads ဒါမှမဟုတ် Information ပေးနိုင်မယ်ဆိုရင် Customer က ကိုယ့်ရဲ့ Business နဲ့ပိုပြီး Relationship ကောင်းလာနိုင်ပြီး ကိုယ်Drive လုပ်ချင်တဲ့ Action တစ်ခုဆီကို Customer ကို ဆွဲဆောင်သွားနိုင်မှာပါ။
 
AdRoll ရဲ့ Study အရ World Wide အနေနဲ့ Professional Marketer တွေရဲ့ 90% လောက်ဟာ Campaign တွေမှာ Result ထွက်ဖို့အတွက် Retargeting ကိုပဲ အဓိကအားကိုးနေရတယ်။ ဆက်လဲသုံးနေဦးမယ်လို့ဆိုပါတယ်။
 
အဲ့ဒီတော့ Retargeting ကို ဘာတွေနဲ့လုပ်လို့ရမလဲ ?
 
1. Social Medial Ads တွေ (Facebook, Twitter, LinkedIn, Instagram, …)
2. Google Adwords Remarketing
3. Email .. တို့နဲ့ Retargeting လုပ်လို့ရပါတယ်။
 
Retargeting Techniques တွေ အနေနဲ့ ၆ခုခွဲပြီးလေ့လာနိုင်ပါတယ်…
 
1. Site
2. Email
3. Dynamic
4. Mobile
5. Search
6. CRM နောက်ပိုင်းမှာ ဒီ Retargeting Techniques တွေကို Detail ထပ်ပြောပြသွားပါဦးမယ်…

Don’t forget to share this post!

Subscribe

Interested in learning more about taking lead in today’s competitive market?
Sign up & take your chances right now…

Contact Details

Mobile:+95 9 45366 6696
              +95 9 95266 6696
Email: hello@b360.ltd
Address: No (28), First Floor, Aung Taw Mu Street, Myay Taung  Quarter, SanChaung Township, Yangon, 11111