Sales၊ Marketing နဲ့ Branding

ကို ကွဲကွဲပြားပြားသိပြီလား

များသောအားဖြင့် လုပ်ငန်းရှင်တွေတော်တော်များများ နဲ့ Entrepreneur တွေဟာ Sales။ Marketing နဲ့ Branding ကို သေသေချာချာ ကွဲကွဲပြားပြား မသိကြပါဘူး။ အတူတူပဲလို့ထင်နေကြပါတယ်။ ‍‍‍‍‍ဒီ ၃ ခုကို သေချာသိပြီး apply လုပ်နိုင်မယ်ဆိုရင် သူများနဲ့မတူတဲ့ အောင်မြင်မှုကို အချိန်တိုအတွင်းရမှာ အသေအချာပါပဲ။
‍‍‍‍‍‍ ‍‍
ဘာကွာလဲ ဘယ်လို အသုံးချရမလဲ
‍‍‍‍‍‍
ပထမဦးဆုံး Sales အကြောင်းကိုအရင် ပြောကြည့်ကြတာပေါ့။ ‍‍‍‍‍Sales ကတော့ convincing အပိုင်းလို့ အလွယ်ပြောလို့ရပါတယ်။ ‍‍‍‍‍ကိုယ့်ရဲ့ Product or Service ကို လက်ခံယုံကြည်လာအောင် သိမ်းသွင်းစည်းရုံးရတဲ့ အပိုင်းပေါ့။ ‍‍‍‍‍
‍‍‍‍‍‍
များသောအားဖြင့် မျက်နှာချင်းဆိုင်ပြောရတဲ့ အပိုင်း၊ Objection တွေရှိရင် ရှင်းလင်းပေးရတဲ့အပိုင်းတွေပဲ ဖြစ်ပါတယ်။ ‍‍‍‍‍Deal တွေကို Negotiate လုပ်ရတာတွေပါမယ်။ Conditions တွေ၊ Payment တွေ ညှိရတာတွေပါမယ်။ ‍‍‍‍‍အဓိက က Customer က ကိုယ့် Product or Service ကို ဝယ်သွားအောင် ပြောရတဲ့အပိုင်းတွေများမယ်။ ‍‍‍‍‍ပြောရရင် Customer ရှေ့မှာ ပါးစပ်လှုပ်နေရတာတွေ အားလုံးဟာ Sales ပါပဲ။ ‍‍‍‍‍ဥပမာ ။ ။ Customer က ကိုယ့်ရဲ့ဆိုင်ထဲရောက်နေပြီ။ Online Business ဆိုရင် .. ကိုယ့် Product တွေ Service တွေကို Messenger ကနေ လာစုံစမ်းနေပြီ၊ ဖုန်းဆက်နေပြီ။ ဒီလိုအခြေနေမှာ သူကို ကိုယ့်ရဲ့ product ကိုဝယ်သွားအောင်ပြောရတဲ့အပိုင်းပေါ့။ ‍‍‍‍‍ ‍‍
‍‍‍‍‍‍
Customer ရှေ့မှာ ကျွမ်းကျွမ်းကျင်ကျင် ပါးစပ်မလှုပ်တဲ့သူ၊ မလှုပ်နိုင်တဲ့သူဟာ Sales မဟုတ်တော့ဘူးပဲ။ ‍‍‍‍‍ပြောနေကြစကားတစ်ခုရှိတယ်..” No Sales, No Business. Nothing happens until you make a sale ” ဆိုတာပါပဲ။ ‍‍‍‍‍ ‍‍
‍‍‍‍‍‍
Business မှာ Sale က အရမ်း အရေးကြီးပါတယ်။ Sales မလုပ်လို့ မရပါဘူး။ ဒါ့အပြင် Marketing နဲ့ Branding ကလဲ အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါနေပါတယ်။ ‍‍‍‍‍ ‍‍
‍‍‍‍‍‍
အခု Sales အကြောင်း လေ့လာပြီးတော့ Marketing နဲ့ Branding ကို နောက်ထပ် post တွေမှာ ထပ်ပြီးလေ့လာကြည့်ကြတာပေါ့..
‍‍‍‍‍‍
𝗪𝗶𝗹𝗹𝗶𝗮𝗺 𝗞𝘆𝗮𝘄

Don’t forget to share this post!

Subscribe

Interested in learning more about taking lead in today’s competitive market?
Sign up & take your chances right now…

Contact Details

Mobile:+95 9 45366 6696
              +95 9 95266 6696
Email: hello@b360.ltd
Address: No (28), First Floor, Aung Taw Mu Street, Myay Taung  Quarter, SanChaung Township, Yangon, 11111