Linkedin marketing

LinkedIn ဆိုတာ B2B ကုမ္ပဏီတွေအတွက် Social Media Platform တစ်ခုအဖြစ် အသုံးချလို့ရတဲ့အပြင် ကိုယ်လိုချင်တဲ့ Buyer Profile ရဖို့  Quality Leads တွေကိုလည်း ပေးနိုင်ပါတယ်။ ဒါ့အပြင် ပညာရေးနဲ့ ပတ်သတ်တဲ့ Content တွေမှာလည်း Conversion Rate ကောင်းကောင်းရှိတာကို တွေ့ရပါတယ်။

ဆန့်ကျင်ဘက် အနေနဲ့ LinkedIn မှာကြော်ငြာထည့်တဲ့ B2B ကုမ္ပဏီအများစုက လိုချင်တဲ့ Result ကို မရကြပါဘူး။ ဒါက ဘာကြောင့်လဲဆိုတော့ သတ်မှတ်အရည်အသွေးပြည့်မီတဲ့ LinkedIn Ads ကိုပြုလုပ်တဲ့အခါ Testing အချိန်နည်းနည်းပိုယူရတာကြောင့်ပါ။ ဒီလို မဖြစ်အောင် အကောင်းဆုံးကြော်ငြာပို့စ်တွေ တင်နိုင်ဖို့ အတွက် လိုက်နာသင့်တဲ့ အလေ့အကျင့်ကောင်းတွေ ရှိနေတယ်ဆိုတာ B360 Digital Marketing Solution ကနေ တင်ပြပေးသွားပါ့မယ်။

Content တွေများများတင်ပေးပါ။ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ content တွေများများတင်ပေးပါ။ Ebook, Seminar, Infographic အလားတူ သက်ဆိုင်ရာ ပို့ စ်တွေကို တင်ပေး၊ Share ပေးပါ။

ပုံတွေ၊ ဗီဒီယိုတွေ သုံးပါ။ Simple is Better ဆိုသလို တခါတရံမှာ ပုံတစ်ပုံတည်းသုံးပြီးဖော်ပြလည်း အဆင်ပြေပါတယ်။ ကိုယ်ဘာတွေလုပ်ပေးနိုင်တယ်၊ Clients တွေအတွက်ဘယ်လို Offer တွေရှိတယ်ဆိုတာကို စာ၊ ပုံ တို့နဲ့ သေချာဖော်ပြပေးပါ။ တစ်ချက်ဖတ်ရုံနဲ့ နားလည်သဘောပေါက်စေဖို့၊ ပုံပေါ်က စာလုံးအရေအတွက်က နည်းနည်းနဲ့ ထိရောက်ဖို့ လိုပါတယ်။ LinkedIn က အမြင်အာရုံ ဆွဲဆောင်မှုရှိတဲ့ အရောင်တောက်တောက် စာလုံးတွေသုံးဖို့ အကြံပြုထားပါတယ်။

Copy ပုံစံအမျိုးမျိုးကို ပြောင်းလဲပြီး သုံးကြည့်ပါ။

– “You” နဲ့ “We” အသုံးအနှုန်း နှစ်ခု ဘာကွာလဲစမ်းကြည့်ပါ၊

– အာရုံစိုက်စေချင်တဲ့ စာလုံးကို ကွင်းထဲထည့်ရေးပြီးစမ်းပါ( e.g “[Ebook]”)၊ ကွင်းဖြုတ်ပြီးလည်း စမ်းကြည့်ပါ၊

– Job Title တွေကို ဖော်ပြပြီးသုံးကြည့်ပါ၊ မဖော်ပြဘဲလည်း သုံးကြည့်ပါ၊

-Symbols မျိုးစုံ သုံးကြည့်ပါ။ ((!, @, #, $, %, &, (), etc.)

Call-To-Action များပါအောင်ထည့်ပါ။

“Try, Download, Sing up, Subscribe, Learn, Request” အစရှိတဲ့ လုပ်ချင်အောင် ဆွဲဆောင်နိုင်တဲ့ CTA (Call To Action) စကားလုံးများကို သုံးပေးပါ။ ကြော်ငြာမှာ အဆိုပါ စကားလုံးများကို ထည့်သုံးပြီး စမ်းကြည့်ဖို့ ၊ သုံးကြည့်ဖို့ တွေဝေနေတဲ့ Client တွေကို တွန်းအားပေးပါ။

Target Areas ကို များများထားပေးပါ။

LinkedIn က Target Audience ရွေးချယ်စရာ တော်တော်များများ ပေးထားပါတယ်။ အနည်းဆုံးတော့ Target Audience ကို Job Title ပေါ်မှာ မူတည်ပြီး ရွေးပေးသင့်ပါတယ်။ ဒါပေမယ့် ကိုယ်က ဘယ်လို ကြော်ငြာမျိုး လုပ်ချင်လဲဆိုတာပေါ်လည်း မူတည်ပါတယ်။ Target Audience ကို Job Title ပေါ်သာမကပဲ Company Size, Industry , Skill, Location တွေပေါ်မှာမူတည်ပြီးလည်း ရွေးချယ်ပေးဖို့ LinkedIn က အကြံပြုထားပါတယ်။ Audience များများလိုချင်ရင် Audience Size ကအနည်းဆုံး 50,000 ကနေ 100,000 အကြား ရှိဖို့ အကြံပေးထားပေမယ့် Sponsored Content တစ်ခုရဲ့အကောင်းဆုံး Result အတွက်ဆိုရင်တော့ Audience Size 300,000 ရှိဖို့လိုပါတယ်။ ဒါပေမယ့် ကိုယ်သုံးတဲ့ Budget ပေါ်လည်းမူတည်ပြီး ပြောင်းလဲမှုရှိတယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

Tracking Link တွေကို အသုံးပြုပေးပါ။

ကိုယ်ဘယ်လောက်ရင်းလိုက်ပြီး ဘယ်လောက် အမြတ်ပြန်ရလဲဆိုတာ သိနိုင်ဖို့အတွက် Tracking Links တွေ မဖြစ်မနေ လိုအပ်ပါတယ်။ Tracking Links အတွက် Google Analytics ရဲ့ Campaign URL Builder, WordPress ရဲ့ Tracking Link Generator လို Free Tool တွေကို စမ်းသုံးကြည့်လို့ရပါတယ်။ သင့်တော်တဲ့ Budget နဲ့ယှဉ်ပြိုင်ပါ။ Ads အများစုက LinkedInမှာ ကြော်ငြာဖို့အတွက် တစ်ပတ်ကို ပျမ်းမျှဒေါ်လာ ၁၀၀ ခန့်အထိသုံးကြပါတယ်။ Cost-Per-Click (CPC) Click တစ်ချက်ချင်းစီအတွက် ပေးချေရမယ့် ပုံစံနဲ့ သုံးကြည့်ဖို့ LinkedIn က တိုက်တွန်းထားပါသေးတယ်။ ကိုယ့်ရဲ့  Audience (50,000 – 100,000) ကြားသာဖြစ်မယ်ဆိုရင် ကြော်ငြာပို့ စ်အတွက် Budget ပိုသုံးဖို့ လိုပါလိမ့်မယ်။ လုပ်ငန်းတူကြော်ငြာတွေနဲ့ Audience ပမာဏ နည်းနည်းကို အပြိုင်ဆွဲဆောင်ရမှာကြောင့် ဖြစ်ပါတယ်။ ကြော်ငြာပို့စ်တွေ စမ်းတင်ပါ။ ဘယ်ပိုစ့်က Performance ပိုကောင်းလဲဆိုတာ သိနိုင်ဖို့  CPC ကို Track လုပ်ပါ။ Budget ကိုမနည်းမများစေပဲ သေချာချင့်ပြီးသုံးပါ။

ကိုယ့်ရဲ့ ကြာ်ငြာတွေအပေါ်မှာ သုံးသပ်ချက်ပြုလုပ်ပါ။ Result တွေကို နှိုင်းယှဉ်ပါ။ Measure လုပ်ပါ။ Ads Runပြီးရင် ပြစ်မထားပဲ ကိုယ် Run ထားတဲ့ Ads တွေကို စောင့်ကြည့်၊ သုံးသပ်နေဖို့လည်း လိုပါတယ်။ ဘယ်နည်းက ထိရောက်တယ်၊ မထိရောက်ဘူး စတဲ့ မှတ်စု၊ ထင်မြင်ချက်၊ သုံးသပ်ချက်တွေကို Report ထုတ် မှတ်တမ်းတင်ပါ။

အထက်ပါ နည်းလမ်းတွေကို LinkedIn ရဲ့ Quality Ads တွေမှာ ဂရုတစိုက် လိုက်နာလုပ်ဆောင်မယ်ဆိုရင် လိုချင်တဲ့ Quality Leads နဲ့ Result တွေကို အချိန်တိုအတွင်း Budget အများကြီး သုံးစရာမလိုဘဲ ရရှိနိုင်မှာဖြစ်တယ်လို့ အကြံပြုလိုက်ပါတယ်.

Don’t forget to share this post!

Subscribe

Interested in learning more about taking lead in today’s competitive market?
Sign up & take your chances right now…

Contact Details

Mobile:+95 9 45366 6696
              +95 9 95266 6696
Email: hello@b360.ltd
Address: No (28), First Floor, Aung Taw Mu Street, Myay Taung  Quarter, SanChaung Township, Yangon, 11111