High Ticket Sales

Branding ကတော့ Marketing နဲ့ မတူပါဘူး။ Marketing က prospects တွေကိုများလာအောင် customer တွေကို လိုက်ဆွဲယူရတာဆိုရင်၊ Branding ကတော့ လူတွေကို Influence လုပ်ရတာပါ။အရမ်းကိုကွဲပြားခြားနားပါတယ်။
‍‍‍‍‍‍ 
Branding ကလူတွေရဲ့ စိတ်ခံစားချက် Emotionတွေ၊ မသိစိတ်ထဲကရော သိစိတ်ထဲကပါ လိုချင်လာအောင်၊ လိုအင်ဆန္ဒဖြစ်လာအောင် Desire တွေကို အဓိကလွှမ်းမိုးဖို့ လုပ်ဆောင်တာပါပဲ။ Branding မှာ အဓိကရည်ရွယ်ချက် တစ်ခုပဲရှိတယ်။ အဲ့ဒါကတော့ Consumer တွေက ကိုယ့် Product ကိုယ့် Service မှာ ဘာတွေပါလဲ၊ ဘာတွေ သူများထက်ကောင်းလဲဆိုတာကိုတောင် မစဉ်းစားပဲ သူတို့ရဲ့ Emotion အရကို ကိုယ့်ရဲ့ product တွေ Service တွေကို အသုံးပြုလာအောင်၊ ကိုယ်နဲ့ Business Relationship တစ်ခုတည်ဆောက်ချင်လာအောင် လမ်းကြောင်းပေးတာပဲ ဖြစ်တယ်လို့ ပြောလို့ရတယ်။
‍‍‍‍‍‍ 
“Emotion အရကိုဆုံးဖြတ်သွားအောင် လမ်းကြောင်းပေးရတာဟာ Branding ပါ ” .. ဒီထက်ပိုရှင်းအောင် ထပ်ပြောရရင် ကိုယ်ရဲ့ Product ကို ဘယ်လို Position ယူထားသလဲ.. Positioning ပေါ့။ လူတွေက ကိုယ့်ရဲ့ productကို တွေ့တာနဲ့ လုံးဝကိုမငြင်းနိုင်တဲ့ ပြင်းပြတဲ့ဆန္ဒတွေကို မသိစိတ်ထဲမှာရော သိစိတ်ထဲမှာရော ရှိနေအာင် လုပ်ထားနိုင်ပြီဆိုရင် Branding လုပ်တာ အောင်မြင်ပြီပဲလို့ ပြောလို့ရပါတယ်။
‍‍‍‍‍‍ 
ဥပမာတစ်ခု ပြောကြည့်ရအောင်။ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးမှာ ကိုယ်အမြဲတန်းဝယ်နေတဲ့ Product တွေ ရှိကြတယ် မဟုတ်လား။ ဥပမာ Supermarket တွေသွားတယ်.. အဲ့ဒီ Brand တွေ့တာနဲ့ ခြင်းထဲကောက်ထည့်လိုက်မျိုး။ အခြား သူ့ထက်ကောင်းတဲ့ ရွေးချယ်စရာရှိလား မရှိလားတောင် မစဉ်းစားတော့ပဲ ဝယ်လိုက်တာမျိုးတွေ လုပ်မိသလား စဉ်းစားကြည့်လိုက်ပါ.. လုပ်မိတယ်ဆိုရင် အဲ့ဒါ Branding လို့ပဲနားလည်လိုက်ပါ။ အဲ့ဒီ product ရဲ့ companyက ခင်ဗျားတို့ ကျွန်တော်တို့ကို supermarket လာတိုင်း သူ့product ကိုသုံးဖို့ convince လုပ်နေစရာ၊ sales လုပ်နေစရာ၊ marketing လုပ်နေစရာ မလိုတော့ဘူး။ ရောက်တာနဲ့ လူတွေကတန်းဝယ်တာပဲ။ တစ်ခါတစ်လေ ကိုယ့်ဈေးဝယ်ဖော်က လာပြီး အဲ့ဒါမကောင်းဘူး တခြားဟာဝယ်ဆိုရင်တောင် ကိုယ်ဝယ်ချင်တဲ့ Brand ကိုပဲ မရရအောင်ဝယ်လာတာ။ မကောင်းဘူးပြောတဲ့ သူငယ်ချင်းကိုတောင် ကိုယ်ကြိုက်တဲ့ Brand ကိုဝယ်ဖို့ တိုက်တွန်းတာမျိုးတောင် လုပ်မိကြတာမျိုး ရှိကြတယ် မဟုတ်လား? .. ဒါကြောင့် Branding က Influencing ပါပဲ။
‍‍‍‍‍‍ 
ခင်ဗျားတို့ဟာ Business Owner ဆိုရင် အဓိကစဉ်းစားဖြေရှင်းရမယ့် challenge က .. “လူတွေ ကိုယ်ရောင်းတဲ့အရာတစ်ခုကို မလိုအပ်ခင်ကတည်းက ကိုယ့် Brand က သူတို့ရဲ့ choice လုပ်မယ့် Brand ဖြစ်နေဖို့ လိုတာပါပဲ”.. ဥပမာ ။ ။ လူတွေ Coach လိုတယ်လို့ မထင်ခင်ကတည်းက လူအများကြိုက်တဲ့ Coach ဖြစ်အောင် လုပ်ထားတာမျိုး။ Lawyer လိုတယ်လို့ မထင်ခင်ကတည်းက လူကြိုက်အများဆုံး Lawyer ဖြစ်အောင် Brand တင်ထားတာမျိုး။ နောက်ထပ် ဥပမာ အနေနဲ့ .. Fashion product တွေ၊ အလှကုန်၊ ကား၊ Professional service၊ Product ဘာတွေပဲဖြစ်ဖြစ် ကိုယ်ကလူတွေ မလိုအပ်ခင်ကတည်းက လိုအပ်လာမယ်ဆိုရင် ကိုယ့် product၊ ကိုယ့် service ပဲသုံးအောင် လုပ်ထားတာမျိုးရှိရမယ်။ ကိုယ်က သူတို့ရဲ့ ” Go to person/ product for their _____” ဖြစ်အောင်လုပ်ထားတာဟာ Business တွေရဲ့ အဓိက ဖြေရှင်းရမယ့် challenge ပါပဲ..
‍‍‍‍‍‍ 
𝗪𝗶𝗹𝗹𝗶𝗮𝗺 𝗞𝘆𝗮𝘄

Don’t forget to share this post!

Subscribe

Interested in learning more about taking lead in today’s competitive market?
Sign up & take your chances right now…

Contact Details

Mobile:+95 9 45366 6696
              +95 9 95266 6696
Email: hello@b360.ltd
Address: No (28), First Floor, Aung Taw Mu Street, Myay Taung  Quarter, SanChaung Township, Yangon, 11111