အခုလို အခြေအနေမျိုးမှ Brand တွေအနေနဲ့ ဘာလုပ်ကြမလဲဆိုတာမျိုး ဆွေးနွေးလာကြတဲ့အခါ ကျွန်တော့်အနေနဲ့ အကြံပေးလိုတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့က Facebook ကို အားကိုးပြီး စီးပွားရေးလုပ်နေကြတဲ့ လုပ်ငန်းတွေ များပါတယ်။
ဒီတော့ Facebook ကို ဆက်အား ကိုးလို့ မရတော့တဲ့အခါ Digital presence အတွက် တခြား channel တွေကို မဖြစ်မနေ ထားဖို့လိုလာတယ်ဆိုတာ ပိုသိလာကြပါတယ်။
Social Media တွေကနေပဲ အဓိက ကိုယ့်ဖောက်သယ်တွေကို ဆက်သွယ်နေကြတဲ့အခါ Social Media မဟုတ်ရင်ရောဆိုတဲ့ option တွေကို တည်ဆောက်သင့်ဖို့ ပိုတွေးလာကြရပါတယ်။ ဒါ့ကြောင့်လည်း B360 အနေနဲ့ တခြား channel တွေကို ဘယ်လို ဖြန့်ကျက်ကြမလဲဆိုတာကို ကိုယ့် client တွေကိုရော၊ မြန်မာနိုင်ငံက တခြား စီးပွားရေးလုပ်ငန်းတွေကိုပါ အကြံပြုချင်တဲ့အတွက် ဒီ project လေးကို မိတ်ဆက်လိုက်တာပါ။
Facebook အပြင် Google My Business, YouTube, Website, LinkedIn, Viber, Twitter စတာတွေမှာ ကိုယ့် Business ရှိနေဖို့လိုအပ်ပါတယ်။ နောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဒစ်ဂျစ်တယ်ပေါ်မှာ လုပ်နိုင်မှ ရှင်သန်နိုင်မှာဖြစ်တဲ့အတွက် စီးပွားရေးအသက်သွေးတွေကို ဆက်လက်စီးဆင်းနေစေဖို့ ဒီပရောဂျက်ကို စတင်လိုက်တာပါ။
အားလုံးက အခမဲ့ပါ။ ကြော်ငြာမပါဝင်ပါဘူး။ အကျိုးအမြတ်ရယူခြင်းမရှိဘဲ မြန်မာနိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ Contribute လုပ်ပေးတာပဲဖြစ်ပါတယ်။ တခြားဆွေးနွေးလိုတဲ့ အကြောင်းအရာများကိုလည်း ကျွန်တော်တို့ဆီ လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ အောက်က Continue To Tutorials လေးကို နှိပ်ပြီး ကြည့်ရှူနိုင်ပါပြီ။