RFP နဲ့ Digital Marketing Proposalတွေ Smart ကျကျတောင်းလိုက်ပါ။

RFP နဲ့ Digital Marketing Proposalတွေ Smart ကျကျတောင်းလိုက်ပါ။

RFP မပို့ပဲ Meeting တွေ၊ Proposal တွေခေါ်မယ်ဆိုရင် အချိန်ကုန်တဲ့ Meeting တွေပဲ ဖြစ်လာပါလိမ့်မယ်။ နှစ်ဦး နှစ်ဖက် ဘာဖြစ်ချင် ဘာလုပ်ချင်ကြမှန်းမသိတဲ့အတွက် ဘယ်သူမှ အကျိုးမရှိပါဘူး။

RFP ဆိုတာဘာလဲ?

Digital Marketing RFP ဆိုတာ Digital Marketing ဝန်ဆောင်မှုအတွက် Vendor တွေ၊ Digital Marketing Agency တွေနဲ့ စကားပြောတဲ့အခါ သုံးတဲ့ Proposal Format ကိုဆိုလိုတာပါ။ RFP မှာဆိုရင် ကိုယ့် Project နဲ့ပတ်သက်ပြီး Vendor တွေသိသင့်တဲ့ အချက်တွေအားလုံးကို ကြိုတင် ထည့်သွင်းပေးထားလေ့ရှိပါတယ်။ ဒါမှလည်း သင့်ရဲ့ Vendor တွေက သင့် Brand နဲ့ ကိုက်ညီတဲ့ Marketing ဝန်ဆောင်မှုတွေကို Propose လုပ်ပေးနိုင်မှာပါ။ နှစ်ဦးနှစ်ဖက် အနာနဲ့ဆေး တည့်အောင် ပြုလုပ်ပေးတဲ့ အချက်အလက်တွေပေ့ါ။ 

what-is-rfp

RFP မပို့ပဲ Meeting တွေ၊ Proposal တွေခေါ်မယ်ဆိုရင် အချိန်ကုန်တဲ့ Meeting တွေပဲ ဖြစ်လာပါလိမ့်မယ်။ နှစ်ဦး နှစ်ဖက် ဘာဖြစ်ချင် ဘာလုပ်ချင်ကြမှန်းမသိတဲ့အတွက် ဘယ်သူမှ အကျိုးမရှိပါဘူး။ ဒီလောက်ဆိုရင် RFP ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို သိကြပြီလိုထင်ပါတယ်။ ဒါဆို Digital Marketing RFP တစ်စောင်မှာ ဘယ်လိုအချက်အလက်တွေပါသင့်လဲ ကြည့်လိုက်ရအောင်။

Digital Marketing RFP တစ်စောင်အနေနဲ့ကတော့

(1)About Your Company

(2)Program or Project Section

(3)Criteria Response

(4)Confidentiality & Ownership ဆိုပြီး အကြမ်းဖျင်းပါသင့်ပါတယ်။ (ဒီနေရာမှာ Company တစ်ခုနဲ့ တစ်ခုရဲ့ Standard RFP ပုံစံတွေ မတူညီတတ်တာကိုလည်း သတိထားစေချင်ပါတယ်။)

RFP ကိုစမရေးခင် အရင်ဆုံး

သင့် Company နာမည်နဲ့ သင့်လုပ်ငန်းရဲ့ ဘယ် Brand ကိုကြော်ငြာမယ်။ Project နာမည်ကတော့ ဘာပါဆိုပြီး ဖော်ပြသင့်ပါတယ်။ အဲ့ဒါတွေ ရေးပြီးရင်တော့ ဒီ Marketing Project အတွက် ဆက်သွယ်လို့ရမယ့် လူတွေရဲ့ နာမည်၊ ရာထူး၊ ဖုန်းနံပါတ်နဲ့ Email တွေကိုဖော်ပြပေးပါ။ ဒါမှသာ Vendor တွေအနေနဲ့ မေးခွန်းတစ်စုံတရာ ရှိရင် သင့်ကိုဆက်သွယ်ပြီး မေးမြန်းနိုင်မှာဖြစ်ပါတယ်။

(1)About Your Company

digital-marketing-rfp-template

ပထမအပိုင်းမှာတော့ သင့် Company အကြောင်း ပြောပြရမှာပါ။ Company အတော်များများမှာတော့ လုပ်ငန်းအကြောင်း ရေးသားထားတဲ့ Company Profile လေးတွေ ရေးထားပြီးသားရှိပါတယ်။ အဲ့ဒီအထဲကနေ ပြန်လည်ကူးယူ ဖော်ပြပေးရင်လည်း အဆင်ပြေပါတယ်။ တကယ်လို့ Company Profile လုပ်ပြီးသားမရှိရင်တော့ အောက်မှာပြထားတဲ့အတိုင်းလေး ရေးပေးလိုက်ရင်လည်း အဆင်ပြေပါတယ်။

About Your Company

• Company Background

• Description of your organization

• What products or services do you sell?    

2.Program or Project Section

ကိုယ့် ကုမ္ပဏီအကြောင်း မိတ်ဆက်ပြီးပြီဆိုရင်တော့ Project နဲ့ ပက်သတ်တာတွေကို Brief ပေးရတော့မှာပါ။ အောက်က ဇယားထဲမှာ ဖော်ပြထားတဲ့ အချက်တွေအကုန်လုံး ရေးပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့် ဖော်ပြလို့မရတဲ့ အချက်အလက်တွေရှိရင်လည်း လိုတိုး ပိုလျှော့လေးလုပ်ပြီး Brief ကောင်းကောင်းလေးတစ်ခုဖန်တီးပေးလို့ရပါတယ်။

digital-marketing-rfp-template

3.Criteria for Response

digital-marketing-rfp-template

ဒီအပိုင်းကတော့ Agency တွေအနေနဲ့ ကိုယ့် Brand အတွက် Proposal ပြန်တင်ရင် ဘယ်လိုအချက်တွေ ပါစေချင်တယ်ဆိုတာကိုပြောပြတဲ့အပိုင်းပါ။ Agency တွေဘက်ကတင်ပြတဲ့ Proposal Presentation တွေမှာ အောက်ကပြောထားတဲ့ အချက်တွေပါမပါကို စိစစ်ပြီး အကောင်းဆုံး Agency Proposal တွေကို ရွေးချယ်လေ့ရှိပါတယ်။ 

(သတိပြုရန်။ Agency မှာရှိတဲ့လူတွေက သင့်စိတ်ကို မဖတ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်က RFP တွေထဲမှာ ကြည့်ချင်တာတွေ၊ သိချင်တာတွေကို ပြည့်ပြည့်စုံစုံပြောမထားရင်တော့ Agency Proposal ထဲမှာလည်း သင်ကြည့်ချင်တာပါဖို့ မျှော်လင့်လို့မရပါဘူး။)

Presentation Proposal Requirements:

With the goal of helping you focus your presentation, we ask that you include the following items in the proposal:

Agency Information: Help us get to know you better.

Corporate Overview: Including the number of full-time employees, number of contract employees, office location(s), and date found.

  • Primary markets served
  • Number of customers served
  • Marketing services you offer as an agency
  • Awards won over the past 3 year

Proposed Solution:

  • A detailed explanation of the proposed solution
  • Make sure to cover all items in the scope of work  
  • Identify areas of unique expertise
  • Share creative examples from prior work to help explain

References

Minimum of 3 reference customers

Estimated Budget & Project Plan

Provide a line-item breakdown of costs associated with the full program. Costs should include fixed pricing, variable pricing ranges, any billable hours, travel expenses, etc. All proposals must include a project work back schedule that includes:

o   Timelines

o   Key Milestones

o   Delivery Dates

4. Confidentiality & RFP Ownership 

digital-marketing-rfp

ဒါကတော့ နောက်ဆုံးအပိုင်းပါ။ ဒီအချက်ကို RFP တော်တော်များများမှာ ပါမလာတတ်တာကိုတွေ့ရပါတယ်။ ကိုယ့်ရဲ့ Vendor Digital Marketing Agency အနေနဲ့ RFP ထဲမှာ ပါတဲ့ အချက်အလက်တွေကို မပေါက်အောင်၊ အခြားလူတွေဆီမရောက်အောင် ထိန်းသိမ်းပေးထားဖို့ ပြောဖို့လိုပါတယ်။ 

အပေါ်ကပြောခဲ့တဲ့အချက်တွေပါရင်တော့ အတော်လေးပြည့်စုံတဲ့ Digital Marketing RFP ရပါပြီ။ ဘာပဲလိုတော့လည်းဆိုတော့ B360 Marketing Technology Firm ဆီပို့ဖို့ပါပဲ။

Nan Oo | Head Of Operations

ဖတ်ရတာ ပျင်းနေမှာစိုးလို့ အရွှန်းဖောက်လိုက်တာပါ။ အပေါ်ကပြောတဲ့အချက်တွေကို အစကနေ ပြန်ရေးစရာမလိုပဲ အဆင်သင့်သုံးလို့ရမယ့် Template လေးတစ်ခုပေးမယ်ဆိုရင် စိတ်ဝင်စားမယ်ထင်ပါတယ်။ လူကြီးမင်းလို မန်နေဂျာ (သို့မဟုတ်) လုပ်ငန်းရှင်တစ်ယောက်အတွက် အချိန်က သိပ်အရေးကြီးလို့ အောက်က Digital Marketing RFP Template လေးကို အခမဲ့ Download ယူပြီး ကောင်းမွန်ပြည့်စုံတဲ့ RFP ကို ဖန်တီးလိုက်ပါ။

digital-marketing-rfp-template-download