Ooredoo Myanmar ၊B360 နှင့် နည်းပညာတက္ကသိုလ် – မှော်ဘီတို့၏ အွန်လိုင်းသင်ကြားရေးစနစ်ဆွေးနွေးပွဲ
ခေတ်ရှေ့ပြေးတဲ့ နည်းပညာတက္ကသိုလ်တစ်ခုဖြစ်တဲ့ နည်းပညာတက္ကသိုလ် – မှော်ဘီ ကတော့ ကျောင်းတွေပိတ်ထားရတဲ့ အခက်အခဲကို ကျော်လွှားဖို့ နည်းလမ်းအသစ်တွေရှာဖွေနေပါတယ်။

ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလိုပဲ ကျွန်တော်တို့ B360 Digital Marketing ရဲ့ Product တစ်ခုဖြစ်တဲ့ Kyaung – ကျောင်း အွန်လိုင်းသင်ကြားရေးစီမံခန့်ခွဲမှု ပလက်ဖောင်းနဲ့ ချိတ်ဆက်မိပြီး နည်းပညာတက္ကသိုလ် – မှော်ဘီကျောင်းမှ ပါမောက္ခချုပ်ဆရာမကြီး၊ ITဌာနမှူးနှင့်တကွ ကျောင်းသားများ သမဂ္ဂ တို့နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး အွန်လိုင်းသင်ကြားရေးစီမံခန့်ခွဲမှု အကြောင်းများကို ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်ကောင်းဖြစ်တဲ့ Ooredoo – အော်ရီဒူးမြန်မာကလည်း ဒီဆွေးနွေးပွဲမှာပါဝင်ခဲ့ပါသေးတယ်။

အခုဆွေးနွေးပွဲဟာ လက်ရှိကြုံတွေ့နေရတဲ့ အကြပ်အတည်းအတွက်သာမကဘဲ အနာဂတ်မှာ ခေတ်စားလာမယ့် Blended Learning Method ကိုပါ ကြိုတင်ပြင်ဆင်ပြီးသားဖြစ်တာမို့ ပညာရေးရပ်ဝန်းအတွက် ကောင်းသော ပြင်ဆင်မှုဖြစ်ကြောင်းထပ်လောင်းပြောကြားအပ်ပါတယ်။
လူကြီးမင်းရဲ့ ပညာရေးအဖွဲ့အစည်းအတွက် Learning Management System ကောင်းတစ်ခု လိုအပ်နေပြီဆိုရင်တော့ အခမဲ့ Consultation ရယူဖို့ အခုပဲ အောက်က From ကို ဖြည့်လိုက်ပါတော့။