Facebook Lead Ads များမှသည် Sales Target များဆီသို့...

အရင်ဆုံး ကျွန်တော်တို့  Lead Ads တွေကို သုံးဖို့ မပြောခင် Facebook Leads ဆိုတာဘာလဲ အရင်သိဖို့ လိုပါတယ်။

Facebook Leads ဆိုတာဘာလဲ ?

Traditional Generation Conversion Method မှာ ကျွန်တော်တို့ ဟာ Users တွေကို Contact Form ရှိရာဆီ ခေါ်သွားပြီးမှ Form ဖြည့်စေပါတယ်။Users တွေက ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်အလက်တွေကို Facebook ကြော်ငြာ (Ads) တွေ ကနေ တစ်ဆင့်တွေ့ တယ်။ ပြီးတော့ အချက်အလက်တွေ ဖြည့်ဖို့အတွက် Facebook ကနေထွက်ပြီး Website မှာရှိတဲ့ Contact Form ရှိရာဆီကို သွားရပါတယ်။

ဒီ Method ကို သုံးမယ်ဆိုရင် ကျွန်တော်တို့ Offer တွေကို တကယ်စိတ်ဝင်စားတဲ့ သူတွေအတွက်တော့ Qualify Leads တွေဖြစ်လာနိုင်တယ်။ဒါပေမယ့် ကျွန်တော်တို့ Offer တွေကို အနည်းငယ်သာ စိတ်ဝင်စားတဲ့လူမျိုးဆိုရင် (ဒါမှမဟုတ်) ကျွန်တော်တို့ အကြောင်းကို ပထမဆုံးကြားဖူးတဲ့ လူတစ်ဦးသာဖြစ်မယ်ဆိုရင် သူတို့ ဟာ Facebook ထဲကနေ မထွက်သွားချင်ပါဘူး။ ရှင်းရှင်းပြောရရင် သူတို့ ကျနော်တို့ Form ကို ဖြည့်ရုံအတွက်နဲ့  Facebook ကနေ ထွက်သွားချင်ကြမှာ မဟုတ်ပါဘူး။

Facebook Lead Ads

Facebook Lead Ads တွေရဲ့ရည်ရွယ်ချက်က Users တွေ Platform ပေါ်မှာ ကြာနိုင်သမျှ ကြာကြာ နေနိုင်အောင် ရည်ရွယ်ပါတယ်။ Facebook App ကနေ ထွက်ပြီး External Landing Pages တွေဆီ သွားနေရမယ့်အစား Facebook ထဲမှာတင် Conversion လုပ်လို့ ရအောင် လုပ်ဆောင်ထားတဲ့ အဓိကရည်ရွယ်ချက်လို့ ပြောလို့ရပါတယ်။

Lead Ads တွေက Facebook ပေါ်မှာ ဘယ်လိုအလုပ်လုပ်သလဲ ?

Facebook Lead Ads တွေက အခြားသော Paid Ads တွေနဲ့ အလားသဏ္ဍာန်တူပါတယ်။Facebook Ads Manager ကနေ Targeting Features တွေကို Customize လုပ်မယ်။Creative Assets ကနေ လိုသလိုဖန်တီးမယ်၊ မှန်ကန်တဲ့ Audience တွေဆီ လုံလောက်တဲ့ Budget နဲ့  Ads တွေ လွှတ်ရပါမယ်။အဲ့ဒီအခါမှာ Facebook က ကျွန်တော်တို့ရဲ့ Potential Customer တွေရဲ့ Information အရ Ads တွေကို ပြသပေးပါတယ်။

Lead Ads တွေကိုသုံးပြီး Form ဖြည့်ခိုင်းတဲ့ ပုံစံအမျိုးမျိုးရှိပေမယ့် အများအားဖြင့်Promotion တွေကို ပြောပြပြီး Form ဖြည့်ခိုင်းတာတွေနဲ့ပဲ အသုံးများပါတယ်။

User တစ်ယောက်က ကျွန်တော်တို့ရဲ့ Lead ကိုတွေ့ မယ်။ Facebook ကလည်း သူဖြည့်ရမယ့် E-mail တွေ၊ နာမည်တွေ၊ ဖုန်းနံပါတ်တွေ တခါတည်း စီစဉ်ပြီးသားဖြစ်တဲ့အပြင် အခြားလိုအပ်တဲ့ မေးခွန်းတွေကိုလည်း လိုသလို သုံးနိုင်သေးတာမို့ ကိုယ့်ဘက်ကသာ Lead Flow ကို ကောင်းကောင်းဆွဲထားပြီး Customer Attention ရလာဖို့ပဲ အရေးကြီးပါတယ်။

Facebook Lead Ads သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

Native Functionality – Lead Ads နဲ့ဆိုရင် Users တွေဟာ သူတို့ ရဲ့ Information တွေဖြည့်ဖို့အတွက်နဲ့Website ကို ပြန်ဝင်နေရတာမျိုးတွေ တဆင့်သွားရတာမျိုးတွေ မရှိတော့ပဲ တစ်ခါတည်း Facebook ထဲမှာတင် အလုပ်ဖြစ်စေပါတယ်။

Mobile Responsiveness – Facebook Leads တွေဟာ Mobile Users တွေအတွက် ပိုပြီး အကျိုးကျေးဇူးများပါတယ်။Facebook App ကို Mobile Users တွေအတွက်ပါ တစ်ခါတည်း တီထွင်ထားသလိုမျိုး Ads တွေ အတွက်လည်း အလားတူပါပဲ။ဆိုလိုချင်တာက User တွေအနေနဲ့ Facebook Leads တွေကို ဘယ် Device ကပဲကြည့်ကြည့် အဆင်ပြေပြီး ပြဿနာ တစ်စုံတစ်ရာမရှိပဲ Form ကို လွယ်လွယ်ကူကူ ဖြည့်နိုင်ပါတယ်။

Simple Data Collection – Facebook Lead Ads တွေဟာ ကြော်ငြာရှင်တွေအတွက် အကျိုးရှိစေတဲ့အပြင် Website ဆီလည်းတစ်ဆင့်ကူးပြောင်းဖို့  မလိုတာကြောင့် Conversion Stage ကို ဆွဲခေါ်ရတာ လွယ်ကူစေပါတယ်။ ဒီလိုရလာတဲ့ Leads တွေကို HubSpot လို All-in-One အသုံးပြုလို့ရတဲ့ Tool မျိုးတွေနဲ့ Customer Relationship Management – CRM အတွက် တိုက်ရိုက် ချိတ်ဆက် အသုံးချနိုင်ပါတယ်။

Highly Targeted Segments – Facebook Lead Ads တွေဟာ Interest တွေ Demographic စတာတွေကို တစ်ခုချင်းစီ အသေးစိတ်ခွဲခြမ်း စစ်ဆေးထားတာပါ။အဲ့ဒါက ဘာကိုဆိုလိုတာလဲဆိုရင် ကိုယ့်ဆီမှာ ရရှိလာတဲ့ Lead တွေဟာ Segments အလိုက် စစ်ထုတ်ထားတဲ့ Qualify Leads တွေလို့ ဆိုလိုချင်တာပါပဲ။

ဒါ့ကြောင့် Facebook ပေါ်မှာ တည်ဆောက်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် မရှိမဖြစ် အရေးကြီးတဲ့ Lead Ads တစ်ခု ဘယ်လိုတည်ဆောက်ရမလဲ သိပြီဆိုရင် ထိရောက်တဲ့ sale targets တွေ ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။

𝗕𝟯𝟲𝟬 𝗗𝗶𝗴𝗶𝘁𝗮𝗹

Don’t forget to share this post!

Subscribe

Interested in learning more about taking lead in today’s competitive market?
Sign up & take your chances right now…

Contact Details

Mobile:+95 9 45366 6696
              +95 9 95266 6696
Email: hello@b360.ltd
Address: No (28), First Floor, Aung Taw Mu Street, Myay Taung  Quarter, SanChaung Township, Yangon, 11111